Terms & Conditions for MIBA University Digital Campus (Web platform Learning) Students
(၁) MIBA University Digital Campus တွင် တက်ရောက်သင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများအနေဖြင့် သင်ကြားမှု သင်ယူမှုတွင် ပိုမိုအာရုံစူးစိုက် သင်ကြားနိုင်ရန် နှင့် စနစ်ကျသော Online Learning သင်ကြားမှုပုံစံ ဖြစ်မြောက်စေရန်အတွက် အောက်ပါ စည်းကမ်းချက်များကို ကူညီ၍ လိုက်နာဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။
(၂ MIBA University Digital Campus တွင် သင်ခန်းစာများအား Online မှတဆင့် လေ့လာသင်ယူရန်အတွက် သင်တန်းသား အကောင့်ပြုလုပ်ထားသည့် ကျောင်းသား ကျောင်းသူများသည် သတ်မှတ်ထားသော Registration Form တွင် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာ ထည့်သွင်းရမည်ဖြစ်ပါသည်။
၃) Online ကျောင်းသား ကျောင်းသူများသည် မိမိ၏ User Account နှင့် Password အား အခြားသူများသို့ လွှဲပြောင်းခြင်း သို့မဟုတ် ငှားရမ်းခြင်းများ မပြုရပါ။ မိမိ၏ User Account နှင့် Password အား အခြားသူများ မသိရှိစေရန် အထူးသတိပြုရန် လိုအပ်ပါသည်။
၄) Online ကျောင်းသား ကျောင်းသူများ၏ ပေါ့ဆမှုကြောင့် မိမိ၏ User Account အား အခြားသူများမှ ဝင်ရောက် အသုံးပြု ပြီး မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား ရယူသွားခဲ့ပါက MIBA University Digital Campus မှ လုံးဝ (လုံးဝ) တာဝန်ယူမည် မဟုတ်ပါ။
၄) Online ကျောင်းသား ကျောင်းသူများသည် မိမိ၏ User Account အား အခြားသူများမှ တရားမဝင် အသုံးပြုနေသည်ကို ရှာဖွေတွေ့ရှိလျှင် MIBA University Digital Campus ထံသို့ ချက်ချင်း အသိပေးရမည်ဖြစ်သည်။
၅) Online ကျောင်းသား ကျောင်းသူများသည် သင်ခန်းစာနှင့် သက်ဆိုင်သော Assignments များ၊ Quiz များ Exam များဖြေဆိုခြင်းကို မိမိကိုယ်တိုင် တာဝန်ယူ လုပ်ဆောင်ရပါမည်။
၆) Online ကျောင်းသား ကျောင်းသူများသည် သတ်မှတ်ထားသော သင်တန်းကာလအတွင်းသာ သင်ခန်းစာများကို လေ့လာသင်ယူခွင့်ရမည်ဖြစ်ပြီး သင်တန်းကာလ ကျော်လွန်သည်အထိ သင်ယူလေ့လာမှု မပြီးမြောက်သေးသဖြင့် သင်တန်းကာလ ထပ်မံတိုးမြှင့်လိုပါက MIBA University Digital Campus သို့ အကြောင်းကြားပြီး သတ်မှတ်ထားသော သင်တန်းကာလအား တစ်ကြိမ်သာ တိုးမြှင့်နိုင်မည်ဖြစ်ပါသည်။
၇) သတ်မှတ်ထားသော သင်တန်းကာလ တစ်ကြိမ်တိုးမြှင့်ပြီးသည့်အထိ သင်ယူလေ့လာမှု မပြီးမြောက်သေးပါက သင်တန်းကြေး ထပ်မံပေးသွင်းမှသာလျှင် ပြန်လည်သင်ယူလေ့လာခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။
၈) သတ်မှတ်ထားသော သင်တန်းကာလများမှာ -
၈.၁) Diploma သင်တန်းများအတွက် သင်တန်းအပ်နှံသည့်နေ့မှစ၍ သင်ယူလေ့လာချိန် (၅) လ ရရှိမည်ဖြစ်ပြီး ၊ တစ်ကြိမ် ထပ်မံတိုးမြှင့်နိုင်သော သင်တန်းကာလမှာ (၃) လဖြစ်ပါသည်။
(၈.၂) Certificate သင်တန်းများအတွက် သင်တန်းအပ်နှံသည့်နေ့မှစ၍ သင်ယူလေ့လာချိန် (2)လ ရရှိမည်ဖြစ်ပြီး ၊ သင်တန်းကာလအတွင်း သင်ယူမှု မပြီးမြောက်ပါက တစ်လ ထပ်မံတိုးမြှင့်နိုင်သည်။ တစ်ကြိမ် ထပ်မံတိုးမြှင့်တိုင်း ၁၀၀၀၀ ကျပ်ပေးသွင်းသွားရမည် ဖြစ်ပါသည်။
(၉) သင်တန်းပြီးဆုံး၍ သင်တန်းဆင်းလက်မှတ် (Certificate) များ ထုတ်ယူရန် အကြောင်းကြားသည့်အချိန် မှစ၍ (၁ လ) အတွင်း လာရောက်ထုတ်ယူရမည် ဖြစ်ပြီး (၁ လ) ထက်ကျော်လွန်ပါက နောက်ကျထုတ်ကြေး (၁၀,၀၀၀) ကျပ် ပေးသွင်းရမည် ဖြစ်သည်။
Payment Policy
(၁) ကျောင်းသားကျောင်းသူများသည် Down payment ပြည့်မီအောင် သွင်းပြီးမှသာလျှင် E Learning Class တွင် ဝင်ရောက်ခွင့် ရမည်ဖြစ်သည်။
(၂) သင်တန်းအပ်နှံပြီးပါက မည်သည့် သင်တန်းကြေးကိုမှ ပြန်လည် ထုတ်ယူခွင့် မပြုပါ။
(၃) သတ်မှတ်ရက်အတွင်း ပေးသွင်းရန်ကျန်သည့် Payment များကို အချိန်မှီ ပေးသွင်းရမည်။
(၄) Payment သွင်းရန်ကျန်ရှိသော ကျောင်းသားကျောင်းသူများအား E Learning class တွင် ဝင်ရောက်သင်ယူမှုနှင့် Google Classroom အသုံးပြုမှုကို ရပ်ဆိုင်းသွားမည် ဖြစ်သည်။
( အထက်ပါ အချက်အလက်များကို သိရှိနားလည် သဘောတူပါသည်။)
Agree *
Confirm