Human Resource Management ဆိုတာဘာလဲ ❓
လုပ်ငန်းတစ်ခု ယှဉ်ပြိုင်အားသာမှုတွေရရှိစေဖို့ လုပ်ငန်းအတွင်းမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ အဖွဲ့အစည်းကို နည်းစနစ်ကျကျ စီမံကွပ်ကဲရတဲ့ အရာဖြစ်ပါတယ်။
ဘာကြောင့်အရေးပါတာလဲ ❓
လုပ်ငန်းတစ်ခုတိုးတက်စေရန်အတွက် လုပ်ငန်းမှာလုပ်ကိုင်နေသူတွေကတိုးတက်မှုရှိဖို့လိုအပ်ပါတယ်။ ဒါမှသာသက်ဆိုင်ရာဌာနအလိုက် တာဝန်တွေကိုအရည်အချင်းပြည့်မီအောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒါ့ကြောင့် Working Team Members တွေကို အရည်အချင်းတိုးတက်အောင်လုပ်ဖို့၊ အရည်အသွေးကိုစောင့်ကြည့်ဖို့၊ လိုအပ်ရင် Training ပေးဖို့၊ အလုပ်လုပ်ရင်ပျော်ရွှင်တက်ကြွအောင် Motivate လုပ်ပေးဖို့ စတဲ့အရာတွေကိုသေချာစွာလုပ်တတ်ရပါမယ်။
ဒီလိုမျိုး Human Resources Management ကိုသေချာစွာစီမံကွပ်ကဲမှသာ သင့်လုပ်ငန်းကတိုးတက်ပြီး ဈေးကွက်မှာလည်း နေရာယူမှု၊ ပြိုင်ဆိုင်မှုအားကောင်းလာမှာဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်လုပ်ငန်းမှာရှိနေသူတွေရဲ့ Performance ကိုလည်းအမြဲမြှင့်တင်ပေးနေမှသာရေတိုအတွက်ရော ရေရှည်အတွက်ရော ရပ်တည်နိုင်စေမှာဖြစ်ပါတယ်။
ဘယ်သူတွေတက်ရောက်သင့်လဲ ❓
✔ HRM ကိုစိတ်ဝင်စားပြီး အခြေခံက စ သင်ယူလိုသူတွေ
✔ အဖွဲ့ကို သေချာ manage လုပ်ပြီး မိမိအလုပ်ရဲ့ အဓိက goal ကိုသွားချင်တဲ့ သူတွေ
✔ စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေ
✔ အနာဂတ်မှာ HR ဘာသာရပ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်လိုတဲ့သူတွေ
✔ ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ လူသားအရင်းအမြစ် စီမံခန့်ခွဲမှုကို လေ့လာချင်သူတွေ တတ်ရောက်သင့်ပါတယ်။
✔ အလုပ်သမား ခေါ်ယူတာ၊ စီမံခန့်ခွဲတာ နဲ့ လေ့ကျင့်သင်ကြားပေးတာတွေကို အထူးစိတ်ဝင်စားသူတွေ တက်ရောက်ထားသင့်ပါတယ် ။
တက်ရောက်ထားရင် ရရှိမယ့်အကျိုးကျေးဇူးတွေက ဘာဖြစ်မလဲ ❓
✔ လူတွေနှင့်ပေါင်းသင်းဆက်ဆံရေးအပြင် တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားအောင်စီမံတတ်လာမယ်။
✔ လူသားအရင်းအမြစ်ကို စွမ်းဆောင်ရည်ပြည့်ဝစွာအသုံးချပြီး အောင်မြင်တဲ့လုပ်ငန်းတစ်ခုကို တည်ထောင်တတ်လာမယ်။
✔ အလုပ်အကိုင်အခွင့်အလမ်း တိုးလာမယ် စတဲ့အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်ပါတယ်။
Diploma အတန်းတွေကို Online စာသင်ခန်းတွေကတဆင့် တက်ရောက်သင်ယူနိုင်မှာ ဖြစ်လို့ အချိန်မရွေး နေရာမရွေး အင်တာနက်ရှိရုံနဲ့လေ့လာနိုင်မှာဖြစ်ပါတယ်
🔹 ဘာသာရပ်တစ်ခုချင်းစီအတွက် ဝါရင့်ဆရာ ဆရာမကြီးတွေရဲ့ စာတွေ့လက်တွေ့ သင်ကြားမှု များကို စနစ်တကျ ရိုက်ကူးထားတဲ့ Video တွေကို Miba University Online Learning Website မှာ မိမိတို့အားရင်အားသလိုလေ့လာနိုင်မှာဖြစ်ပါတယ် ။
🔹သင်ခန်းစာတွေပြီးသွားလို့နားမလည်တာမျိုးရှိရင်လည်း ဆရာ၊ ဆရာမများနှင့်တိုက်ရိုက်မေးမြန်းလို့ရတဲ့ Interactive Discussion ပုံစံလည်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။
🔹 ကျောင်းသား/သူတွေဟာ သင်ကြားမှု ပြီးသွားတဲ့ အချိန်မှာတော့ တတ်မြောက်မှုစစ်ဆေးတဲ့ MCQ ပုံစံစာမေးပွဲကို ဖြေဆိုဖို့တော့ လိုအပ်ပါတယ်။ သတ်မှတ်ချက်အတွင်း အောင်မြင်ပါက Diploma ကိုရရှိမှာ ဖြစ်ပါတယ်။
ကျောင်းသူကျောင်းသားများအတွက် သင်ခန်းစာများကိုလေ့လာရာမှာ ပိုမိုလွယ်ကူပြီးအဆင့်အတန်းမြင့်မားသော E-Learning သင်ကြားရေးနည်းစနစ်များအပြင် LMS နှင့် Online Library တို့ကိုပါ အသုံးပြုနိင်မှာ ဖြစ်ပါတယ်။
LMS( Learning Management System) အပြင် Online Library တို့နှင့် အရည်အသွေးမြင့်မားစွာ သင်ကြားလေ့လာရမှာ ဖြစ်ပါတယ်။
📚 LMS ဆိုတာ online တက္ကသိုလ်တစ်ခုပါပဲ။ တက္ကသိုလ်မှာတက်ရောက်နေသကဲ့သို့ ခံစားစေရမယ့် Platform တစ်မျိုးပဲဖြစ်ပါတယ်။
မာလ်တီမီဒီယာနှင့် အခြားဒစ်ဂျစ်တယ်နည်းတွေကို အသုံးပြုပြီး ဆရာနဲ့ကျော.င်းသားတွေကြား အချိန်နှင့်တပြေးညီ စာသင်ခန်းထဲတွင် သင်ကြားရသကဲ့သို့အွန်လိုင်း သင်ကြားမှု ပုံစံဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
📚 စာရွက်တွေ၊ စာအုပ်တွေကို အသုံးပြုခြင်းမရှိပဲ MIBA University Website မှာ Course Module များ၊ Assignment ၊ သင်ခန်းစာများကို ပြန်လည်လေ့ကျင့်နိုင်ရန် Practice Exercises များ၊ Grading နှင့် သင်ခန်းစာပြီးမြောက်မှု၊ သင်ခန်းစာများကို ဆွေးနွေးခြင်း စတာတွေကို မည့်သည့် Device မျိုးနှင့်မဆို လွယ်ကူစွာလေ့လာနိုင်မှာဖြစ်ပါတယ်။
📚 ဒါ့အပြင် တက္ကသိုလ်တက်ရောက်နေရသလို ခံစားရစေရန် Lecture, Assignment များအတွက် အထောက်အကူပြုစေမည့်စာအုပ်များနှင့် မိမိစိတ်ဝင်စားလိုသောအကြောင်းအရာများကို လေလာ့ဖတ်ရှုနိုင်ဖို့
Online Library ကိုလည်း ထားရှိပေးထားမှာ ဖြစ်ပါတယ်။
📚 ဒီသင်ကြားမှု ပုံစံဟာ အချိန်နဲ့နေရာ ကန့်သတ်ချက်တွေမရှိသလို ကျောင်းသား၊ ကျောင်းသူတွေအတွက် အရင်းအမြစ်အများကြီးကို အသုံးပြုဖို့မလိုအပ်ပဲ MIBA University မှ သင်ကြားပို့ချပေးမည့် ပညာရပ်တွေကို ပိုမိုထိရောက်စွာ သင်ကြားနိုင်ပါတယ်။
📚 အချိန်နဲ့အမျှ ကျောင်းသားတွေအနေနဲ့ဆရာတွေဆီက ကောင်းမွန်တဲ့ အကြံပြုချက်တွေကို တိုက်ရိုက် တောင်းဆို ရယူနိုင်ပါတယ်။
ကျောင်းသား/သူတွေဟာ သင်ကြားမှု ပြီးသွားတဲ့ အချိန်မှာတော့ တတ်မြောက်မှုစစ်ဆေးတဲ့ MCQ ပုံစံစာမေးပွဲကို ဖြေဆိုဖို့တော့ လိုအပ်ပါတယ်။ သတ်မှတ်ချက်အတွင်း အောင်မြင်ပါက Diploma ကိုရရှိမှာ ဖြစ်ပါတယ်။
1st Floor , Building ( 9 ) , MICT Park , Hlaing Township , Yangon , Myanmar
09 420100712
09426067979
09777046376