Professional Diploma in International Business Administration

International Business Administration ဆိုတာဘာလဲ ❓


International Business ကိုလေ့လာခြင်းက ကမ္ဘာလုံးဆိုင်ရာပြဿနာတွေကို နားလည်စေနိုင်တဲ့အတွက် မတူကွဲပြားတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို နားလည်သဘောပေါက်စေတဲ့အပြင် ကမ္ဘာ့နေရာအသီးသီးရဲ့ စီးပွားရေးပြဿနာတွေ၊ မူဝါဒတွေ၊ လူနေမှုအဆင့်အတန်း၊ ဒေသဆိုင်ရာယဉ်ကျေးမှု၊ ပို့ကုန် သွင်းကုန် စည်းမျဉ်း၊ ကုန်သွယ်ရေး သဘောတူညီချက် စတာတွေကိုပါ သိရှိနားလည်စေဖို့ အထောက်အကူဖြစ်စေပါတယ် ။ 


ဘာကြောင့်အရေးပါတာလဲ ❓

ယနေ့ခေတ်မှာ ဆက်သွယ်ရေးနဲ့ကူးသန်းရောင်းဝယ်ရေးတွေတိုးတက်လာတာကြောင့် Economic Globalization ဖြစ်လာတဲ့အခါ စီးပွားရေးလုပ်ငန်းအများစုကပြည်တွင်းမှာပဲမဟုတ်ဘဲပြည်ပဈေးကွက်၊ နိုင်ငံတကာဈေးကွက်အထိပါဖောက်ထွက်ဖို့ကြိုးပမ်းလာကြပါတယ်  

ဒီလိုဖြစ်လာတာကြောင့် နိုင်ငံတကာအဆင့် စီးပွားရေးစီမံခန့်ခွဲမှုကျွမ်းကျင်သူတွေဟာလည်းရေးပန်းစားလာရပါတယ်။ နိုင်ငံတကာအဆင့်ဖြစ်တာကြောင့် နိုင်ငံတစ်ခုနဲ့တစ်ခု စားသုံးသူတွေရဲ့အမူအကျင့်၊ စရိုက်လက္ခဏာတွေလည်းမတူကြပါဘူး။ ဒီလိုမတူညီတဲ့ နိုင်ငံအသီးသီးမှာ မတူညီတဲ့ပုံစံတွေနဲ့ စီးပွားရေးစီမံခန့်ခွဲတတ်သူ၊ မတူညီတဲ့ပုံစံတွေနဲ့ပြဿနာတွေဖြေရှင်းတတ်သူတွေဟာ ဒီနေ့ခေတ်လုပ်ငန်းခွင်မှာလည်းလုပ်ငန်းရှင်တွေရဲ့ နှစ်သက်မှုကိုခံလာရပါတယ်။ 

Learning Outcomes

Budget ကိုဟန်ချက်ညီအောင် ပြုလုပ်ပြီး ဈေးကွက်ချဲ့ထွင်တတ်လာမယ်။

ကုန်စည်ဖလှယ်တဲ့ လုပ်ငန်းတွေရဲ့ အခြေခံအုတ်မြစ်ကို သိလာမယ်။

ကိန်းဂဏန်း ပုံစံတွေနဲ့ ထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်စေနိုင်တဲ့ Accounting method တွေ၊ system အကြောင်းသိလာမယ်။

ခေတ်မီစီးပွားရေးလုပ်ငန်းလည်ပတ်နိုင်ဖို့ စေ့စပ်ညှိနှိုင်းစွမ်းရည်တွေ တိုးတက်လာမယ်။

စားသုံးသူတွေရဲ့ Feedback တွေကို ကောင်းမွန်စွာ သုတေသနပြုလုပ်ပြီးတော့

ထုတ်လုပ်မှုမြှင့်တင်နိုင်ပြီး လုပ်ငန်းကိုချဲ့ထွင်ဖို့ အတွေးအခေါ်ကောင်းတွေ ရလာမယ်၊ စတဲ့ အကျိုးကျေးဇူးတွေအများကြီးရလာမှာပါ။


Assements

  • Diploma အတန်းတွေကို  Online စာသင်ခန်းတွေကတဆင့် တက်ရောက်သင်ယူနိုင်မှာ ဖြစ်လို့ အချိန်မရွေး နေရာမရွေး အင်တာနက်ရှိရုံနဲ့လေ့လာနိုင်မှာဖြစ်ပါတယ် 


    🔹 ဘာသာရပ်တစ်ခုချင်းစီအတွက်  ဝါရင့်ဆရာ ဆရာမကြီးတွေရဲ့  စာတွေ့လက်တွေ့  သင်ကြားမှု များကို စနစ်တကျ ရိုက်ကူးထားတဲ့ Video တွေကို   Miba University Online Learning Website မှာ မိမိတို့အားရင်အားသလိုလေ့လာနိုင်မှာဖြစ်ပါတယ် ။


    🔹သင်ခန်းစာတွေပြီးသွားလို့နားမလည်တာမျိုးရှိရင်လည်း ဆရာ၊ ဆရာမများနှင့်တိုက်ရိုက်မေးမြန်းလို့ရတဲ့ Interactive Discussion ပုံစံလည်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။


    🔹 ကျောင်းသား/သူတွေဟာ သင်ကြားမှု ပြီးသွားတဲ့ အချိန်မှာတော့ တတ်မြောက်မှုစစ်ဆေးတဲ့ MCQ ပုံစံစာမေးပွဲကို ဖြေဆိုဖို့တော့ လိုအပ်ပါတယ်။ သတ်မှတ်ချက်အတွင်း အောင်မြင်ပါက Diploma ကိုရရှိမှာ ဖြစ်ပါတယ်။

    ကျောင်းသူကျောင်းသားများအတွက် သင်ခန်းစာများကိုလေ့လာရာမှာ ပိုမိုလွယ်ကူပြီးအဆင့်အတန်းမြင့်မားသော E-Learning သင်ကြားရေးနည်းစနစ်များအပြင် LMS နှင့် Online Library တို့ကိုပါ အသုံးပြုနိင်မှာ ဖြစ်ပါတယ်။


    LMS( Learning Management System) အပြင် Online Library တို့နှင့် အရည်အသွေးမြင့်မားစွာ သင်ကြားလေ့လာရမှာ ဖြစ်ပါတယ်။


    📚 LMS ဆိုတာ online တက္ကသိုလ်တစ်ခုပါပဲ။ တက္ကသိုလ်မှာတက်ရောက်နေသကဲ့သို့ ခံစားစေရမယ့် Platform တစ်မျိုးပဲဖြစ်ပါတယ်။ 

     မာလ်တီမီဒီယာနှင့် အခြားဒစ်ဂျစ်တယ်နည်းတွေကို အသုံးပြုပြီး ဆရာနဲ့ကျော.င်းသားတွေကြား အချိန်နှင့်တပြေးညီ စာသင်ခန်းထဲတွင် သင်ကြားရသကဲ့သို့အွန်လိုင်း သင်ကြားမှု ပုံစံဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 


    📚 စာရွက်တွေ၊ စာအုပ်တွေကို အသုံးပြုခြင်းမရှိပဲ MIBA University Website မှာ Course Module များ၊ Assignment ၊ သင်ခန်းစာများကို ပြန်လည်လေ့ကျင့်နိုင်ရန် Practice Exercises များ၊ Grading နှင့် သင်ခန်းစာပြီးမြောက်မှု၊ သင်ခန်းစာများကို ဆွေးနွေးခြင်း စတာတွေကို မည့်သည့် Device မျိုးနှင့်မဆို လွယ်ကူစွာလေ့လာနိုင်မှာဖြစ်ပါတယ်။


    📚 ဒါ့အပြင် တက္ကသိုလ်တက်ရောက်နေရသလို ခံစားရစေရန် Lecture, Assignment များအတွက် အထောက်အကူပြုစေမည့်စာအုပ်များနှင့် မိမိစိတ်ဝင်စားလိုသောအကြောင်းအရာများကို လေလာ့ဖတ်ရှုနိုင်ဖို့

    Online Library ကိုလည်း ထားရှိပေးထားမှာ ဖြစ်ပါတယ်။


    📚 ဒီသင်ကြားမှု ပုံစံဟာ အချိန်နဲ့နေရာ ကန့်သတ်ချက်တွေမရှိသလို ကျောင်းသား၊ ကျောင်းသူတွေအတွက် အရင်းအမြစ်အများကြီးကို အသုံးပြုဖို့မလိုအပ်ပဲ MIBA University မှ သင်ကြားပို့ချပေးမည့် ပညာရပ်တွေကို ပိုမိုထိရောက်စွာ သင်ကြားနိုင်ပါတယ်။ 


    📚 အချိန်နဲ့အမျှ ကျောင်းသားတွေအနေနဲ့ဆရာတွေဆီက ကောင်းမွန်တဲ့ အကြံပြုချက်တွေကို တိုက်ရိုက် တောင်းဆို ရယူနိုင်ပါတယ်။

Exam


Enquiry for the course:

Professional Diploma in International Business Administration
  • Address

    1st Floor , Building ( 9 ) , MICT Park , Hlaing Township , Yangon , Myanmar

  • Phone

    09 420100712


    09426067979


    09777046376

  • E-mail

    info@mibaedu.com
    (Main)
    sales-ygn@mibaedu.com
    (Yangon)
    sales-mdy@mibaedu.com
    (Mandalay)