Mini MBA in Marketing Management

Mini MBA 

 

🗓 ပြည်တွင်း၊ပြည်ပ နေရာ အနှံ့အပြားမှာ တက်ရောက်သူများပြားလှတဲ့

Mini MBA ကို သင်ယူလေ့လာရင်း တန်ဖိုးရှိတဲ့ အချိန်တွေကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းနိုင်ဖို့ အမြန်ဆုံး Register လုပ်လိုက်ကြပါစို့နော်။


Mini MBA ဆိုတာ ဘာလဲ ❓


💡 Mini MBA ဆိုတာ  မြန်ဆန်တဲ့ MBA ဗားရှင်းတစ်ခု ဖြစ်ပါတယ်။

⏰ နာရီပေါင်း ၆၂နာရီ  သင်ကြားရမှာ ဖြစ်ပါတယ်။

❗️ဒီဂရီ ဘွဲ့များအတွက်မဟုတ်ဘဲ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှု အတွက်သာ ဖြစ်ပါတယ်။


ဘာတွေ သင်ယူရမှာလဲ ❓

Mini MBA Course တွင်

✅ MBA course အတွင်း သင်ယူရတဲ့

စာရင်းအင်းပညာ၊ စီမံခန့်ခွဲမှု၊ ငွေကြေးစီမံခန့်ခွဲမှု နဲ့ စွန့်ဦးတီထွင်မှုဆိုင်ရာ အတတ်ပညာတွေနဲ့ ပတ်သတ်ပြီး ချုံငုံသုံးသပ်နိုင်စွမ်းကို တိတိကျကျ ထိရောက်စွာ အသုံးချပုံကို သင်ယူရမှာ ဖြစ်ပါတယ်။


ဒါ့အပြင်

✅ စီးပွားရေးဆိုင်ရာ အခြေခံအုတ်မြစ်တွေကို နားလည်နိုင်ဖို့ နဲ့ အနာဂတ် စူးစမ်းလေ့လာမှုအခြေခံတွေကိုပါ ပေးအပ်သွားမယ့် သင်ရိုးညွှန်းတန်းတွေကို အဓိကအနေနဲ့ သင်ယူရမှာပဲ ဖြစ်ပါတယ်


❇️ Mini MBA ကို ၁၉၄၉ ခုနှစ်တွင် ကနေဒါနိုင်ငံမှာရှိတဲ့ McGill တက္ကသိုလ်မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုဆိုရင်  ကမ္ဘာအနှံ့ရှိ ကျောင်းများတွင်ဖွင့်လှစ်နေကြပါပြီ။

ယူအက်စ်နှင့် ဗြိတိန်တွင် အများဆုံးဖွင့်လှစ်သင်ကြားပေးပါတယ်။


ဘယ်သူတွေ တက်သင့်လဲ ❓


🔹 MBA  မတက်ရောက်မီ ကြိုတင်လေ့လာလိုသူတွေ

🔹လုပ်ငန်းနယ်ပယ်အမျိုးမျိုးမှာ လက်ရှိလုပ်ကိုင်ရင်း စီးပွားရေး စွမ်းရည်ကို မြှင့်တင်လိုသော စီးပွားရေးလုပ်ငန်းရှင်တွေ၊

🔹 စီးပွားရေးပညာရပ်ကို စတင်လေ့လာမယ့်သူတွေ

🔹 စက်မှုလုပ်ငန်းဆိုင်ရာ စီးပွားရေးအသိပညာကို မြှင့်တင်ဖို့ ရှာဖွေနေတဲ့ အင်ဂျင်နီယာတွေ၊ နည်းပညာသမားတွေ နဲ့ စျေးကွက်ရှာဖွေသူ ဒါမှမဟုတ် ရှေ့နေတွေ တက်ရောက်သင့်ပါတယ်။


သတိပြုရမှာကတော့


❌ Mini MBA ဟာ MBA နဲ့ တူညီသော အဆင့်တွင် မရှိပါဘူး

💯 တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့  ဘွဲ့အဖြစ် အသိအမှတ်ပြုတာမဟုတ်ဘဲ အသက်မွေးဝမ်းကြောင်းဆိုင်ရာ တိုးတက်မှုအတွက် သင်ယူနိုင်တာပဲ ဖြစ်ပါတယ်။

 


ဒါပေမယ့်

💯 အလုပ်ရှင်တွေ ၊ ဝန်ထမ်းတွေ အနေနဲ့ တော့

မိမိတို့ရဲ့ ကျွမ်းကျင်မှုနဲ့ စီးပွားရေးဆိုင်ရာ စွမ်းရည်တွေကို မြှင့်တင်ဖို့အတွက်

Mini MBA ဟာ အချိန်နဲ့ ငွေကြေး အနည်းအကျဉ်းဖြင့် ကျွမ်းကျင်အောင် ကူညီပေးနိုင်တဲ့ အသုံးဝင်သော လက်နက်တစ်ခု ဖြစ်လာပါတယ်။

💯 Mini MBA  ကတဆင့် ရရှိလာတဲ့ အသိပညာတွေဟာ စီမံခန့်ခွဲမှုကဏ္ဍရှုထောင့် အမျိုးမျိုးဖြင့် ခေါင်းဆောင်မှုစွမ်းရည်မှ မဟာဗျူဟာသို့ လွှဲပြောင်းနိုင်ပါတယ်။


💯 Mini MBA သင်တန်းရဲ့ အနိမ့်ဆုံး ကုန်ကျစရိတ်ဟာ သင်တန်းသားတွေ အတွက် ကြီးမားတဲ့ အကျိုးကျေးဇူး ဖြစ်ပြီး စီးပွားရေး အသိပညာတွေကို ကုန်ကျစရိတ် အနည်းငယ်ဖြင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။


Mini MBA ကို  ဖွင့်လှစ်သင်ကြားပေးတဲ့ ရည်ရွယ်ချက်ကတော့

🧮 ငွေအမြောက်အများကို အချိန်နဲ့တပြေးညီ ရင်းနှီးမြှုပ်နှံဖို့ မတတ်နိုင်တဲ့ အချိန်ပြည့် အလုပ်သမားတွေနဲ့ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားရေးလုပ်နေသောသူများအတွက် အကျိုးရှိစေရန် ရည်ရွယ် ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။

တကယ်လို့

✔️ MBA ဘွဲ့က ကုန်ကျစရိတ်များလွန်းတယ်လို့ မှတ်ယူထားပါက

 Mini MBA ကို ရွေးချယ်တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။


𝐌𝐢𝐧𝐢 𝐌𝐁𝐀 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 တွင် သင်ယူရမည့် အကြောင်းအရာများမှာ-

🔹Business Management

🔹Human Resource Management & Development

🔹Financial Management

🔹Marketing Management

🔹Logistics & Supply Chain Management

🔹Information Technology Strategic Management


အစရှိသော ဘာသာရပ်များ ပါဝင်မှာဖြစ်ပါတယ်။

Learning Outcomes


Assements

Exam


Enquiry for the course:

Mini MBA in Marketing Management
  • Address

    1st Floor , Building ( 9 ) , MICT Park , Hlaing Township , Yangon , Myanmar

  • Phone

    09 420100712


    09426067979


    09777046376

  • E-mail

    info@mibaedu.com
    (Main)
    sales-ygn@mibaedu.com
    (Yangon)
    sales-mdy@mibaedu.com
    (Mandalay)