Diploma In Marketing

Marketing  ဆိုတာ ဘာလဲ❓


🔹Marketing ပညာရပ်ဟာ စီးပွားရေးလုပ်ငန်းတစ်ခုမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဈေးကွက်ရှာဖွေခြင်းဆိုင်ရာ နည်းဗျူဟာတွေ ကောင်းမွန်မှ သင့်ရဲ့ လုပ်ငန်း၊ သင့်ရဲ့ ကုန်ပစ္စည်းဟာ ဈေးကွက်မှာ နေရာတစ်နေရာ ရရှိမှာ ဖြစ်ပါတယ်။

ထို့အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေမှာ စနစ်ကျပြီး ပိုမိုတိုးတက်လာအောင် ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို လူသိများလာအောင် သုံးစွဲချင်စိတ်ဖြစ်ပေါ်လာအောင် ကြော်ငြာပေးရခြင်းလည်းဖြစ်ပါတယ်။  


ဘာကြောင့်အရေးပါတာလဲ ❓


🎯သင်ပစ်မှတ်ထားတဲ့ဈေးကွက်ကလူတွေ သင့်ကိုသိလာအောင်၊ သင့်ကိုကြိုက်နှစ်သက်လာအောင်၊ သင့်ရဲ့ Customer (ဖောက်သည်၊ စားသုံးသူ၊ သုံးစွဲသူ) ဖြစ်လာအောင်လုပ်တဲ့ Strategy (မဟာဗျူဟာ)ကို Marketing လို့ခေါ်ပါတယ်။ Marketing ထဲမှာ Advertising (ကြော်ငြာခြင်း)၊ Promotion (အများသိအောင်ပြုလုပ်ခြင်း) စသည်တို့ကို စနစ်တကျလုပ်ကိုင်တတ်စေဖို့ရန် Marketing ဘာသာရပ်ကို တတ်မြောက်ထားဖို့လိုအပ်ပါတယ်။


ဘယ်သူတွေ တက်ရောက်သင့်တာလဲ❓


🎯ပြိုင်ဆိုင်မှုများတဲ့ ခေတ်ကြီးမှာ မိမိရဲ့ Brand ကို မှန်ကန်ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ Personal Brand တစ်ခုအဖြစ် တည်ဆောက်ချင်သူများ


▪️Marketing Filed ကို အခုမှစလေ့လာလိုသူများ 


▪️Marketing Manager, Marketing Supervisor များ


▪️ဈေးကွက်စီမံခန့်ခွဲမှုဘာသာရပ်ကို အခြေခံမှစပြီး ကျယ်ကျယ်ပြန့်ပြန့်


သင်ကြားတက်ရောက်လိုသူများ။


▪️Marketing Fields ထဲတွင် Professionals အဖြစ်လုပ်ကိုင်လိုသူများ။


▪️အရောင်းမန်နေဂျာများ၊ လက်ထောက်အရောင်းမန်နေဂျာများ၊ အရောင်းစီမံခန့်ခွဲမှုဆိုင်ရာအရာရှိများ၊ ကြီးကြပ်သူများ။


▪️အရောင်းစီမံခန့်ခွဲမှုဘာသာရပ်ကို အခြေခံမှစပြီး ကျယ်ကျယ်ပြန့်ပြန့် သင်ကြားတက်ရောက်လိုသူများ။


အရောင်းစီမံခန့်ခွဲမှုနယ်ပယ်တွင်ဝင်ရောက်လုပ်ကိုင်လိုသူများ


▪️ယှဉ်ပြိုင်မှု့များသော ဈေးကွက်မှာ မိမိလုပ်ငန်းအား တိုးတက်ရန်ထိုးဖောက်လိုသူများ တက်ရောက်သင့်ပါတယ် 


တက်ရောက်ပြီးသွားရင်ရော ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ❓


🎓Marketing ပညာရပ်တတ်မြောက်ထားသူဟာ


✅ အွန်လိုင်း နဲ့ ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှု အလုပ်အကိုင်အခွင့်အလမ်းတွေ ၊ ရွေးချယ်စရာတွေ ရှိလာနိုင်ပါတယ်။


✅ Marketing ပညာကို တတ်ရောက်ထားသူပီပီ Communication ပိုင်းမှာလည်း ဆက်သွယ်မှုဆိုင်ရာ အရည်အချင်းတွေနဲ့လည်း ပြည့်ဝလာနိုင်မှာ ဖြစ်ပါတယ်။


✅ မိမိရဲ့စီးပွားရေးလုပ်ငန်းအတွက် သာမကဘဲ မိမိရဲ့ Personal Brand ကို မြှင့်တင်လိုတဲ့သူတွေအတွက်ပါ လက်တွေ့အသုံးချနိုင်မယ့်ပညာတွေကို အချိန်တိုအတွင်း ရရှိသွားမှာပဲ ဖြစ်ပါတယ်။


ဘာတွေသင်ယူရမှာလဲ ❓


💡Marketing ပညာရပ်ကို လေ့လာတဲ့အခါမှာ မရှိမဖြစ် သိထားသင့်တဲ့ စိတ်ဝင်စားစရာ Topicsများနဲ့


 🔹Markets and Marketing


🔹The Marketing Process: Strategy and Planning


🔹Customer Focus


🔹The Marketing Environment


🔹Buying Behavior


🔹Market Segmentation and Positioning


🔹Product


🔹Place


🔹Pricing


🔹Promotion


🔹Service Marketing


🔹Market Research


🔹Sustainable Marketing


စတဲ့ ဘာသာရပ်တွေကို သေချာသင်ပြပေးသွားမှာ ဖြစ်ပါတယ်။

Learning Outcomes


Assements

  • Diploma အတန်းတွေကို  Online စာသင်ခန်းတွေကတဆင့် တက်ရောက်သင်ယူနိုင်မှာ ဖြစ်လို့ အချိန်မရွေး နေရာမရွေး အင်တာနက်ရှိရုံနဲ့လေ့လာနိုင်မှာဖြစ်ပါတယ် 


    🔹 ဘာသာရပ်တစ်ခုချင်းစီအတွက်  ဝါရင့်ဆရာ ဆရာမကြီးတွေရဲ့  စာတွေ့လက်တွေ့  သင်ကြားမှု များကို စနစ်တကျ ရိုက်ကူးထားတဲ့ Video တွေကို   Miba University Online Learning Website မှာ မိမိတို့အားရင်အားသလိုလေ့လာနိုင်မှာဖြစ်ပါတယ် ။


    🔹သင်ခန်းစာတွေပြီးသွားလို့နားမလည်တာမျိုးရှိရင်လည်း ဆရာ၊ ဆရာမများနှင့်တိုက်ရိုက်မေးမြန်းလို့ရတဲ့ Interactive Discussion ပုံစံလည်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။


    🔹 ကျောင်းသား/သူတွေဟာ သင်ကြားမှု ပြီးသွားတဲ့ အချိန်မှာတော့ တတ်မြောက်မှုစစ်ဆေးတဲ့ MCQ ပုံစံစာမေးပွဲကို ဖြေဆိုဖို့တော့ လိုအပ်ပါတယ်။ သတ်မှတ်ချက်အတွင်း အောင်မြင်ပါက Diploma ကိုရရှိမှာ ဖြစ်ပါတယ်။


    MIBA University   ရဲ့ website  ထဲမှာ သင်ခန်းစာအလိုက် တင်ထားတဲ့ Video File တွေကတစ်ဆင့် လေ့လာရမှာ ဖြစ်ပါတယ်။ ကျောင်းတက်ချိန်အတွင်း အချိန်မရွေး ပြန်ကြည့်လို့ရ၊ လေ့လာနိုင်မှာပဲဖြစ်လို့ စာမလိုက်နိုင်မှာ၊ နားမလည်မှာလည်း စိတ်ပူစရာမလိုပါဘူး။ ကျောင်းသား/သူတွေဟာ သင်ကြားမှု ပြီးသွားတဲ့အချိန်မှာ တတ်မြောက်မှုစစ်ဆေးတဲ့ MCQ ပုံစံစာမေးပွဲကိုဖြေဆိုဖို့ လိုအပ်ပါတယ်။

    ကျောင်းသူကျောင်းသားများအတွက် သင်ခန်းစာများကိုလေ့လာရာမှာ ပိုမိုလွယ်ကူပြီးအဆင့်အတန်းမြင့်မားသော E-Learning သင်ကြားရေးနည်းစနစ်များအပြင် LMS နှင့် Online Library တို့ကိုပါ အသုံးပြုနိင်မှာ ဖြစ်ပါတယ်။


    LMS( Learning Management System) အပြင် Online Library တို့နှင့် အရည်အသွေးမြင့်မားစွာ သင်ကြားလေ့လာရမှာ ဖြစ်ပါတယ်။


    📚 LMS ဆိုတာ online တက္ကသိုလ်တစ်ခုပါပဲ။ တက္ကသိုလ်မှာတက်ရောက်နေသကဲ့သို့ ခံစားစေရမယ့် Platform တစ်မျိုးပဲဖြစ်ပါတယ်။ 

     မာလ်တီမီဒီယာနှင့် အခြားဒစ်ဂျစ်တယ်နည်းတွေကို အသုံးပြုပြီး ဆရာနဲ့ကျော.င်းသားတွေကြား အချိန်နှင့်တပြေးညီ စာသင်ခန်းထဲတွင် သင်ကြားရသကဲ့သို့အွန်လိုင်း သင်ကြားမှု ပုံစံဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 


    📚 စာရွက်တွေ၊ စာအုပ်တွေကို အသုံးပြုခြင်းမရှိပဲ MIBA University Website မှာ Course Module များ၊ Assignment ၊ သင်ခန်းစာများကို ပြန်လည်လေ့ကျင့်နိုင်ရန် Practice Exercises များ၊ Grading နှင့် သင်ခန်းစာပြီးမြောက်မှု၊ သင်ခန်းစာများကို ဆွေးနွေးခြင်း စတာတွေကို မည့်သည့် Device မျိုးနှင့်မဆို လွယ်ကူစွာလေ့လာနိုင်မှာဖြစ်ပါတယ်။


    📚 ဒါ့အပြင် တက္ကသိုလ်တက်ရောက်နေရသလို ခံစားရစေရန် Lecture, Assignment များအတွက် အထောက်အကူပြုစေမည့်စာအုပ်များနှင့် မိမိစိတ်ဝင်စားလိုသောအကြောင်းအရာများကို လေလာ့ဖတ်ရှုနိုင်ဖို့

    Online Library ကိုလည်း ထားရှိပေးထားမှာ ဖြစ်ပါတယ်။


    📚 ဒီသင်ကြားမှု ပုံစံဟာ အချိန်နဲ့နေရာ ကန့်သတ်ချက်တွေမရှိသလို ကျောင်းသား၊ ကျောင်းသူတွေအတွက် အရင်းအမြစ်အများကြီးကို အသုံးပြုဖို့မလိုအပ်ပဲ MIBA University မှ သင်ကြားပို့ချပေးမည့် ပညာရပ်တွေကို ပိုမိုထိရောက်စွာ သင်ကြားနိုင်ပါတယ်။ 


    📚 အချိန်နဲ့အမျှ ကျောင်းသားတွေအနေနဲ့ဆရာတွေဆီက ကောင်းမွန်တဲ့ အကြံပြုချက်တွေကို တိုက်ရိုက် တောင်းဆို ရယူနိုင်ပါတယ်။

Exam

ကျောင်းသား/သူတွေဟာ သင်ကြားမှု ပြီးသွားတဲ့ အချိန်မှာတော့ တတ်မြောက်မှုစစ်ဆေးတဲ့ MCQ ပုံစံစာမေးပွဲကို ဖြေဆိုဖို့တော့ လိုအပ်ပါတယ်။ သတ်မှတ်ချက်အတွင်း အောင်မြင်ပါက Diploma ကိုရရှိမှာ ဖြစ်ပါတယ်။


Enquiry for the course:

Diploma In Marketing
  • Address

    1st Floor , Building ( 9 ) , MICT Park , Hlaing Township , Yangon , Myanmar

  • Phone

    09 420100712


    09426067979


    09777046376

  • E-mail

    info@mibaedu.com
    (Main)
    sales-ygn@mibaedu.com
    (Yangon)
    sales-mdy@mibaedu.com
    (Mandalay)